Posts

၁. စတင်ခြင်း

Image
Laura က အရှေ့ကနေ ခပ်သုတ်သုတ်သွားနေသည်.. အဆမတန်ခုန်နေတဲ့ရင်ကို ငြိမ်အောင်ထိန်းရင်း လက်ထဲက လက်ပ်တော့တွေ ဖိုင်တွဲတွေ ပြုတ်မကျအောင်လည်း ကိုင်နေရသဖြင့် မြန်သင့်သလောက် မြန်မြန်မလျှောက်နိုင်သော ဒါရည့် ကိုလည်း စိတ်မရှည်သလို လှည့်လှည့်ကြည့်သေး၏.. တကယ်တော့  ဒါရည်  က အရမ်းစိတ်လှုပ်ရှားပြီး ဒူးတွေတုန်နေလို့ လမ်းဖြောင့်ဖြောင့် မလျှောက်နိုင်တာကို သူမှမသိဘဲ..  “Dari နင် မြန်မြန်လျှောက်မှရမယ် ဆိုနေမှပဲ.. နောက်ကျနေပြီလို့ ငါပြောနေတာကို” “လျှောက်ပါ့မယ်.. ငါ အရမ်းစိတ်လှုပ်ရှားနေလို့ လော်ရာရဲ့.. နင် အရင်သွားနှင့်ပြီး နှုတ်ဆက်နှင့်ပါလား ငါနောက်က ပါလာပါ့မယ်” “အေး အေး.. ဒါဆိုလည်း ငါသွားနှင့်ပြီး နည်းနည်းပါးပါး ပြင်ဆင်စရာရှိတာ ကြိုပြင်ဆင်ထားလိုက်မယ်” ပြောရင်း လျှောက်ရင်းနှင့်ပင် လော်ရာက ရှေ့တော်တော်ဝေးဝေးကို ရောက်သွားပါသည်.. ဒါရည်ကတော့ အလွန်ကြီးမားသော Tide ရုံးအဆောက်အဦကြီးကိုလည်း ငေးမောမနေအား.. ရှည်လျားသော စင်္ကြန်လမ်း တစ်လျှောက်မှာ ချိတ်ထားတဲ့ သူတို့ ပုံအကြီးကြီးတွေကိုလည်း မော့မကြည့်အားဘဲ သူတို့နှင့် လူချင်းတွေ့လျှင် အသံမတုန် မျက်ရည်မဝဲဘဲ စိတ်အေးအေးစကားပြောနိုင်ဖို့.. အသည်းယားပြီး ထ မအော်မိစေဖ...